မော်လမြိုင်မြို့၌ တားမြစ်ဓာတုပစ္စည်းပါဝင်သည့် စားသာက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ဈေးကွက်ကွင်းဆင်းစစ်ဆေး

မော်လမြိုင် ဖေဖော်ဝါရီ ၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ သီရိမြိုင်ဈေးအတွင်းရှိ စားသောက်ကုန်ဆိုင်များတွင်ရောင်းချနေသော ကုန်ပစ္စည်းများအနက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)မှ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် တားမြစ်ဓာတုပစ္စည်း ပါဝင်သော စားသောက်ကုန်ပစ္စည်းများအား အများပြည်သူသိရှိစေရန် အသိပညာပေးခြင်းနှင့် ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးစစ်ဆေးခြင်းကို ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းတွင် စားသောက်ကုန်ရောင်းချသည့်ဆိုင်များ၌ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော အစားအသောက်များ ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်း၊ အမှတ်တံဆိပ် သတ်မှတ်ချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ တားမြစ်ဓါတုဆိုးဆေးနှင့် တားမြစ်ဓါတု ပစ္စည်းများ ပါဝင်ခြင်း  ရှိ / မရှိ ကို ရွေ့လျားဓါတ်ခွဲယာဉ်ပေါ်တွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်