သံဖြူဇရပ်မြို့နယ်၊ အမှတ် (၁) မြို့မဈေး၌ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ဈေးကွက်ကွင်းဆင်း ဆောင်ရွက်

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ် အမှတ် (၁) မြို့မဈေးအတွင်းရှိ စားသောက်ကုန်ဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများအနက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် တားမြစ်ဓာတုပစ္စည်းပါဝင်သော စားသောက်ကုန် ပစ္စည်းများအား အများပြည်သူသိရှိစေရန် အသိပညာပေးခြင်းနှင့် ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်းကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်စည်ပင် သာယာရေးအဖွဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းတွင် စားသောက်ကုန်ရောင်းချသည့်ဆိုင်များ၌ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်များရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်း၊ အမှတ်တံဆိပ် သတ်မှတ်ချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ တားမြစ်ဓါတုဆိုးဆေးနှင့် တားမြစ်ဓါတုပစ္စည်းများပါဝင်ခြင်း ရှိ/မရှိကို ရွေ့လျားဓါတ်ခွဲယာဉ်ပေါ်တွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)