ကျောက်တံခါး ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ငှက်ဖျားရောဂါ ကူးစက်ပျံ့နှံ့မှုပပျောက်နှိမ်နင်းရေးအတွက် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့က တောကျွဲအင်းကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တောကျွဲအင်းကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးစောဝင်းရွှေနှင့် ကျန်းမာရေးဝန်ထမ်းများက ငှက်ဖျားရောဂါဆိုင်ရာ အသိကောင်းစရာများကို အသိပညာပေးပြောကြားပြီး ဆေးစိမ်ခြင်ထောင် (၁၅၀၈)လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မြို့နယ်အတွင်းရှိ ပြည်သူများ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းခြင်း အသိပညာပေးဆွေးနွေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာစည်သူစန်းနှင့် ကျန်းမာရေးဝန်ထမ်းများက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကျောက်တံခါးမြို့နယ်အတွင်း ၂၀၂၆ ခု၊ ဇန်နဝါရီလမှ ယနေ့အထိ ဆေးစိမ်ခြင်ထောင် (၈၄၀၂) လုံး အခမဲ့ဖြန့်ဝေပြီးကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)