မုံရွာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

မုံရွာ ဖေဖော်ဝါရီ ၆

မုံရွာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီက သက်ဆိုင်ရာစာသင်ကျောင်းများ၌ စတင်ဖြေဆိုကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၄ ရက်မှ ၁၁ ရက်နေ့ထိဖြေဆိုမည်ဖြစ်ကြောင်း၊ ကျောင်းပေါင်း (၁၃၀) ကျောင်းမှ Grade-4/ Grade-6/Grade-7/Grade-8/Grade-10/Grade-11/Grade-12 ကျောင်းသား၊ ကျောင်းသူ (၄၀၇၃၁) ဦးဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)