ရန်ကုန် ဇန်နဝါရီ ၈
ရန်ကင်းမြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ ပါဝင်သော မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း နေအိမ်ပြင်ပသို့ သွားလာနေကြသော ပြည်သူများအား နေ့စဉ် Mask များတပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အပတ်စဉ် Mask များ ဝေငှခြင်းစသော Mask Campaign များကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
ယနေ့နံနက် ၉ နာရီအချိန်တွင်လည်း ရန်ကင်းမြို့နယ် အမှတ်(၁၆)ရပ်ကွက်အတွင်းရှိ လမ်းများ၊ ဘောက်ထော်ဘူတာရုံ၊ မီးရထား ရိပ်သာ လိုင်းခန်းနေ မိသားစုများ၊ ဘောက်ထော် ဘူတာရုံဈေးတို့တွင် Mask အခုရေ(၁၀၀၀)ခန့်ကို ဝေငှပေးခြင်း၊ မြို့နယ်စည်ပင် သာယာမှ ဈေးရောင်းသူများအား Mask၊ Face Shield၊ လက်အိတ်နှင့် ခေါင်းစွပ်များ ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကိုဗစ် ကော်မတီမှ သိရသည်။
လင်းလင်းထွန်း(ရန်ကင်း)