ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပါးစပ်၊နှာခေါင်းစည်းတပ်ဆင်ရေး လူထု‌အ‌ခြေပြု အဝါရောင် Mask Campaign ပြုလုပ်၍အသိပညာပေးဆောင်ရွက်

ဒဂုံမြောက်၊ ဇန်နဝါရီ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင် ထွက်သူ တိုင်း ပါးစပ်၊နှာခေါင်းစည်း တပ်ဆင်‌စေရန် ရည် ရွယ်၍ လူထု‌အ‌ခြေပြု အကောင်အထည်ဖော် စီမံချက်အရအဝါရောင်Mask Campaign ကို ယနေ့ နံနက်က (၅၀)ရပ်ကွက် တွင်ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အဝါရောင်Mask Campaignဆောင်ရွက်ရာသို့မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်း များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပါးစပ်/နှာခေါင်းစည်း(mask) များဖြန့်ဝေ ပေးခြင်း၊ နိုးဆော် ဆောင်ရွက်ခြင်းတို့အား (၅၀)ရပ်ကွက်အတွင်းရှိ ကျူးကျော် ရပ်ကွက်များ နှင့်ရပ်ကွက်အတွင်းပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အနေဖြင့် မြို့နယ်အတွင်းနေထိုင်သောပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကာကွယ်နိုင်ရန် Mask Campaign များ၊ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး စစ်ဆေး အရေးယူမှုများအားစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး အဝါရောင် Mask Campaign အား အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)