ဝက်လက် သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)စာချုပ် ချုပ်ဆိုခြင်း နှင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီ ၃၀မိနစ်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ပထမဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်ဝင်း၊ ဦးစိုးဝင်းထွန်း တို့က အဖွင့်အမှာ စကားပြောကြားပြီး ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရည်ရွယ်ချက်များနှင့် ဆောင်ရွက် မည့် နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ငွေကျပ်သိန်းသုံးရာတိတိပေးအပ်မည့်ကျေးရွာ(၅) ရွာဖြစ်ကြသော အေးကုန်း ကျေးရွာ ကန်သာ(နောက်)ကျေးရွာ နဘဲပင်လှကျေးရွာ တမာကုန်းကျေးရွာ ဘင်တဲကုန်းကျေးရွာများနှင့် ငွေကျပ်သိန်းနှစ်ရာတိတိပေးအပ်မည့် ခင်မင်ကျေးရွာ တို့တွင် ဖွဲ့စည်းထားသော ကျေးရွာမတည်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများက ရန်ပုံငွေလွှဲပြောင်းပေးအပ်မှုသဘောတူစာချုပ်များလက်မှတ်ရေးထိုးကြပြီး တိုင်းသေကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်ဝင်း ဦးစိုးဝင်းထွန်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းလေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦ:စီးဌာန ရွှေဘိုခရိုင်ဦးစီးမှူး ဦးမြင့် ဝက်လက်မြို့နယ် ဦးစီးမှူး ဦးသီဟန်လင်း မြို့နယ်သမဦးစီးဌာန ဦးစီးမှူး ဦးစိုးမိုးကျော်တို့က ရန်ပုံငွေများအသီးသီးပေးအပ်ကြရာ သက်ဆိုင်ရာ ကျေးရွာမတည် ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌများက လက်ခံရယူခဲ့ကြသည်။
အဆိုပါဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)အနေဖြင့် ကိုဗစ် ၁၉စီးပွားရေးကုစားမှု အစီအစဉ်အရ အိမ်ခြေ ၁၀၀နှင့် အထက်ကို ငွေကျပ်သိန်းသုံးရာတိတိကို ကျေးရွာ ၅ရွာသို့လည်းကောင်း အိမ်ခြေ ၅၀ နှင့် ၁၀၀ကြားကို ငွေကျပ်သိန်းနှစ်ရာတိတိကို ကျေးရွာ ၁ ရွာသို့လည်းကောင်း ကျေးရွာအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ကျေးရွာကုန်ထုတ်လုပ်ငန်း အသေးစားရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နေသူများကိုဦးစားပေးကာ စီမံကိန်း ပထမနှစ်တွင် ငွေကျပ်တစ်ရာ အတွက် တစ်လလျှင် အတိုးနှုန်း ၅၀ပြားနှုန်းဖြင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
ဥမ္မာဝင်း(ဝက်လက် ပြန်/ဆက် )