ပခုက္ကူ ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်၁၉ရောဂါပိုးတွေ့လူနာများနှင့် အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ကုသနိုင်ရန်အတွက် ကျန်းမာရေးသုံးစက်ပစ္စည်းများနှင့်အလှူငွေများကို ယနေ့ နံနက် ၁၀နာရီက အဆိုပါဆေးရုံ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းကြသည်။
လှူဒါန်းပွဲတွင် ပခုက္ကူမြို့နယ် မိခင်နှင့်စောင့်ရှောက်ရေး အသင်းနှင့်မြို့ပေါ်အလှူရှင်များစုပေါင်း၍ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ ကုသရာတွင်အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ ဝယ်ယူရန် အတွက် ငွေကျပ် ၃၆သိန်း၊ ပခုက္ကူမြို့၊ နေနတ်သားဆေးတိုက်မိသားစုနှင့် ခိုင်ရွှေဝါထီဆိုင်မိသားစုတို့မှ ငွေကျပ် ၄၇၅၀၀၀၀တန်ဖိုးရှိသည့် HFNC စက်နှင့် Inverter တစ်စုံစီ၊ ခွဲစိပ်အထူးကုဆရာဝန်ကြီး ဒေါက်ခင်သူဇာကျော်က ငွေကျပ် ၇သိန်းတန်ဖိုးရှိသည့် PAPR စက် သုံးလုံးတို့ကို ပေးအပ် လှူဒါန်းကြရာ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုလွှာ များ ပြန်လည်ပေးအပ်သည်။
ပခုက္ကူမြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများကုသနိုင်ရန် HFNC စက်များနှင့် အခြား ခွဲစပ်လူနာများရန်နှင့်မွေးဖွားခြင်းလုပ်ငန်းများအတွက် PAPR စက်များ လိုအပ်ကြောင်းတို့ကို Facebook Social Media ပေါ်တွင် ရေးသားတင်ခဲ့ရာ အလှူရှင်များ စုပေါင်း၍လာရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်း၊ ထိုသို့လာရောက် လှူဒါန်းကြခြင်းကြောင့် ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် စိတ်ဓာတ်ခွန်အားများ ရရှိစေခဲ့သလို လူနာများ ကိုယ်စားလည်း ဝမ်းမြောက်ကြောင်း၊ စက်ပစ္စည်းကိရိယာများဝယ်ယူရန်အတွက် ရရှိသည့်စုစုပေါင်း ငွေကျပ် ၃၆သိန်းဖြင့် အောက်ဆီဂျင်အိုးများ ဝယ်ယူဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ပြောကြားခဲ့သည်။
ဆလိုင်းကိုကီး