ကျောက်တံတား ဇန်နဝါရီ ၈
ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က အသက်(၈၅) နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂၁၆)ဦးနှင့် အသက်(၁၀၀) နှစ်အထက် ဘိုးဘွား(၃)ဦး၊ စုစုပေါင်း (၂၁၉)ဦး တို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝိ/- နှုန်းဖြင့် လည်းကောင်း၊ အသက်(၁၀၀) နှစ်အထက် သက်ကြီး ဘိုးဘွား(၃)ဦးတို့ အတွက် အပိုဆောင်းထောက်ပံ့ငွေ(၉၀၀၀ဝိ/-)နှင့် စုစုပေါင်း ထောက်ပံ့ငွေ (၆၆၆၀၀၀ဝိ/-)တိတိကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေများအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သက်ကြီး ဘိုးဘွားများထံ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ