ရှမ်းရွာသစ် ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်လယ်ယာစိုက်ပျိုးခြင်းမှ မိသားစုတစ်ပိုင် တစ်နိုင်ရိုးရာလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ရာသီပေါ်ကြံသကာချက် လုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြံသကာချက်လုပ်ရောင်းချခြင်းလုပ်ငန်းတွင် "ကြံများကို ယခင်နှစ်နိုဝင်ဘာလတွင် မိသားစု ကိုယ်တိုင်ကြိုးစားကာစတင်စိုက်ပျိုးပြီး တစ်နှစ်ကြာပါက ရိတ်သိမ်းကြောင်း၊ ရိတ်သိမ်း ပြီးကြံများကို ပထမဦးဆုံး ကြံရည်ရယူကာ သန့်စင်ပြီး မီးတောက်ပြင်းပြင်းဖြင့် စတင်ကြိုချက်ရ ကြောင်း၊ ကျိုချက်၍ ရလာသောကြံအနှစ်များကို ယောင်းမဖြင့် နာနာမွှေပြီးနောက် ကြံသကာခဲ များကို နှစ်သက်ရာပုံစံဖြင့် ယူရကြောင်း၊ လက်ရှိတွင် ကြံသကာတစ်ပိဿာလျှင် ငွေကျပ် (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း၊ နှစ်စဉ် ရိုးရာကြံသကာချက်လုပ် ရောင်းချခြင်းလုပ်ငန်းကိုလုပ်ကိုင်ကြောင်း" စသည်ဖြင့် ကြံသကာ ချက်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ ရှမ်းရွာသစ်မြို့ ကြံသကာချက် လုပ်ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်သူ ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့အတွင်း၌ ဒေသထွက်ကြံသကာများကို အများဆုံးစားသုံးသည့်အတွက် အရောင်း အဝယ်ကောင်းပြီး အခြားသော ရာသီပေါ်အစားအစာများထက် အဆိုပါကြံသကာများသည် ဒေသတွင် နာမည်ရသော အစားအစာတစ်မျိုးဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)