မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာ၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၆၀) ရာခိုင်နှုန်းပြီးစီး

ရှမ်းရွာသစ် ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ  အုပ်စု၊ မဲကတောခီးကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ တတိယပတ်က  စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၆၀) ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ် (၂၂၀) သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အရှည် (၁၂၅) ပေ၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မရှိပြီး စီမံကိန်းတာဝန်ရှိသူများတို့၏ စနစ်တကျ လမ်းညွှန်မှု နှင့် ကျေးရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)