ကြည့်မြင်တိုင် ဇန်နဝါရီ ၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် များ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခြင်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အတွင်း စာကြည့်တိုက်များ ပေါ်ပေါက်လာရေးနှင့် ဖွင့်လှစ်ပြီး စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်၊ ရပ်ကွက်စာကြည့်တိုက်များ ကွင်းဆင်းကြည့်ရှုကြရန်၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီသို့ တရားဝင် မှတ်ပုံတင် လျှောက်ထားနိုင်ရေးဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)