သန်လျင်၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေနုတ်မြောင်းလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

သန်လျင် ဇန်နဝါရီ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေနုတ်မြောင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ သန်လျင်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းတို့သည် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးတို့နှင့်အတူ သန်လျင်မြို့နယ် မြို့တွင်းလမ်း များ အဆင့်မြှင့်တင်ခြင်း AC နိုင်လွန် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် မြို့မတောင်ရပ်ကွက် ဖို့မြေလမ်း၊ သတိပဋ္ဌာန်လမ်းကြီ AC နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းနေမှုများ၊ သတိပဋ္ဌာန် လမ်း ရေနုတ်မြောင်းနှင့် ပလက်ဖောင်းလုပ်ငန်း ဆောင်ရွက် နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထို့နောက် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့သည် သန်လျင် မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ သန်လျင်မြို့နယ် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစို ပြေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ စံချိန်စံညွှန်း များအတိုင်း သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး တို့အား မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)