ကမာရွတ် ဇန်နဝါရီ ၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် အမှတ် ၁၀ ရပ်ကွက်ရှိ သံလွင်စျေးနှင့် လူစည်ကားရာနေရာများ တွင် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သံလွင်စျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများအပြင်သွားရာ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူ များအား Mask အခမဲ့ ဖြန့်ဝေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်အိတ်များ ဖြန့်ဝေခြင်း၊ Face Shield များ အခမဲ့ ဖြန့်ဝေခြင်း၊ လူစုလူဝေး ရှောင်ကြဉ် ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ စျေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)