ခရမ်းမြို့နယ်တွင် သောက်သုံးရေကန် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ခရမ်း ဇန်နဝါရီ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက် နေပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ် စေရန် သောက်သုံးရေကန်များအား ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ခရိုင်ကျေးလက် ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနတာဝန်ရှိ သူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဘသိန်းနှင့် တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့် ဝန်ထမ်းများက ခရမ်းမြို့နယ် ညောင်ပင်ကွင်း ကျေးရွာအုပ်စု ဦးဖော့လုံးတဲစုကျေးရွာတွင် ဆောင်ရွက် ခဲ့သည့် သောက်သုံးရေကန် ခြံစည်းရိုး ကာရံခြင်းနှင့် ရေးပေးဝေမှု ပြင်ဆင်ထားခြင်းအား လိုက်လံ ပြသရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သောက်သုံးရေကန်အား ခြံစည်းရိုးကာရံပေးခြင်းကြောင့် ရေကန်အတွင်းသို့ ကျွဲ၊ နွား၊ ဘဲ၊ ဆိတ်၊ ဝက် စသည့် တိရစ္ဆာန်များ ရေကန် အတွင်း ရေဆင်းသောက်ခြင်းမရှိတော့ဘဲ ကန်ဘေး ပတ်လည်သန်ရှင်းလှပ၍ ရေသုံးစွဲသည့် ကျေးလက်နေပြည်သူများ သန့်ရှင်းသည့် သောက်သုံးရေ များ ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)