ဒဂုံ ဇန်နဝါရီ ၈
ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်ရှိ ဒဂုံရိပ်သာစျေးတွင် စျေးရောင်းချသူ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု လျော့နည်းစေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စျေးရောင်းချရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း၊ မျက်နှာအကာ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့နယ် စည်ပင်သာယာရေးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးအသိပညာ ပေးခြင်း၊ စျေးရောင်းချသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ စျေးရောင်းချရန် လက်ကိုင်အသံချဲ့စက်များနှင့် လှည့်လည် အသိပေး ကြေညာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) နှင့် မျက်နှာအကာ (Face shield) မဖြစ်မနေ တပ်ဆင်ပြီး စျေးရောင်းချရန် အသိပညာပေးခြင်း၊ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)