ရန်ကုန် ဇန်နဝါရီ ၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးတို့အတွက် ကျန်းမာရေးအသိပညာမြှင့်တင်ရေး နှင့် ပညာပေး လူထုလှုပ်ရှားမှု Mask and Face Shield Campaign ကို ဇန်နဝါရီ ၇ ရက်က လသာမြို့နယ်အတွင်း အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးခြင်းကို လသာမြို့နယ် အမှတ် ၁၀ ရပ်ကွက် ၊ အမှတ်၁ အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ နေထိုင်သူပြည်သူများအား မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ဝန်ထမ်းများမှ (mask and face shield) များဝေငှာပေးခြင်း၊ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ လိုက် နာရမည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်များနှိုးဆော် အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့ ပူးပေါင်းလက်တွဲကာ ဆောင်ရွက် လျက်ရှိသည့် Stop COVID-19 အဝါရောင် Campaign များတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အနုပညာ ရှင်များ၊ ပရဟိတ စေတနာရှင်များအားလုံးက ပူးပေါင်းလက်တွဲကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပြီး အဆိုပါလုပ်ငန်းစဉ် များအား ရက်အပိုင်းအခြား အလိုက် ထပ်မံတိုးမြင့်ကာ မြို့နယ်အတွင်းရှိ ပြည်သူအများသွားလာလျက်ရှိသော ဈေးများ၊ ဘက်စ်ကား မှတ်တိုင်များ၊ စီးတီးမတ်စ်များ၊ ရပ်ကွက်လမ်းဆုံနေရာများတွင် ရက်အပိုင်းအခြားအလိုက် ထပ်မံ၍ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
ဆန်းကျော်ဦး