ကော့ကရိတ် ဇန်နဝါရီ ၈
ကော့ကရိတ်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ရန်ကုတ်ကျေးရွာအုပ်စု၊ ကမ္မရာ ကျေးရွာ အလယ်တန်းကျောင်းခွဲ စာသင်ကျောင်းဆောင်သစ် (အလျား ၆၀ ပေ × အနံ ၃၀ ပေ×အမြင့် ၁၂ ပေ) ရှိသော စီမံကိန်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ကျပ် သိန်း(၂၇၀)ဖြင့် ၂၀၂၀-ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့က စတင် အကောင်အထည် ဖော် ဆောင်ရွက်နေပြီး ယခုအခါ ၄၀ % ခန့် ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတိုးချဲ့ကျောင်းဆောင်သစ်ကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်း ပညာမှူး နန်းစန္ဒာမိုး၊ လူထုစည်းရုံးရေးမှူး နန်းစန္ဒာသင်းတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၁၀၀% ပြီးစီးပါက ကမ္မရာကျေးရွာနှင့် ဆိပ်ဖူးကုန်း ကျေးရွာမှ ကျောင်းနေအရွယ် ကလေးသူငယ်များ စုစုပေါင်း (၃၀၀)ဦးအတွက် စာသင်ကြားရာတွင် လုံလောက်သော စာသင်ခန်းများဖြင့် ကောင်းမွန်စွာ ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ကျော်စိုးလွင်