နတ်တလင်း ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ စောင့်ကြည့်ရေးစင်တာ အသီးသီးမှ စောင့်ကြည့်ခံ ပြည်တွင်း ပြည်ပပြန်များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စောင့်ကြည့်ခံ လူဦးရေ (၆၁)ဦးတို့အား RDT စနစ်ဖြင့် ဆေးစစ်ခြင်းကို ဆေးစစ်ဌာန အသီးသီး၌ ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မန္တလေးကျောင်းတိုက် ဆေးစစ်ဌာနတွင်(၁၆)ဦး၊ တာပွန် အ.ထ.က ဆေးစစ်ဌာနတွင်(၆)ဦး၊ ကွင်းကျယ်တိုက်နယ် ဆေးရုံမှ(၁၂)ဦး၊ ပဲမခမ်းဆေးစစ်ဌာနတွင်(၉)ဦး၊ ပေါက်တုန်း ကျေးရွာ ဆေးစစ်ဌာနတွင်(၁၈)ဦး၊ စုစုပေါင်းစောင့်ကြည့်ခံ (၆၁) ဦးတို့အား ဆေးစစ် ရာ ပိုးတွေ့ လူနာ(၃)ဦး တွေ့ရှိကြောင်း သိရသည်။
ပိုးတွေ့လူနာ(၃) ဦးတို့အား ပရဟိတ္တလူမှုကူညီရေး အဖွဲ့ကားများဖြင့် ခေါ်ဆောင်ပြီး နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆက်လက်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်၊ နတ်တလင်း