လှည်းကူးမြို့နယ်တွင် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

လှည်းကူး ဇန်နဝါရီ ၈

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြည်တော်သာ ရပ်ကွက် ဒါးပိန်လမ်းခွဲရှိ ယာယီပျံကျဈေး၌ ယမန်နေ့ နံနက်ပိုင်းတွင် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရေး ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ အဆိုပါယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပျံကျဈေးသည် များအား စနစ်တကျ ရောင်းချမှုရှိစေရန်၊ ဈေးရောင်းဈေးဝယ်နေရာများတွင် လူစုလူဝေး မဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သည့် အနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခွာ နေပြီးမှ ဈေးဝယ်ကြစေရန်၊ လက်သန့်ဆေးရည်များဖြင့် လက်များကို မကြာခဏ ဆေးကြော သန့်စင်ရန်  စည်းကမ်းထိန်းသိမ်း ရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်သည့် အနေဖြင့် နေအိမ် ပြင်ပထွက်ခွာသွားလာ သူတိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်ပြီးမှ သွားလာကြစေရန် Mask Campaign ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး ဆိုင်ရာ စည်းကမ်းလမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေး လက်ကမ်း စာစောင်များကို ပြည်သူများထံ အခမဲ့ဝေငှပေးခဲ့ကြောင်း သိရ သည်။

နိုင်လင်း(လှည်းကူး)