ပြည်မြို့နယ် ငါးရွာအုပ်စု၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP စီမံကိန်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ပြည် ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ငါးရွာအုပ်စု ငါးရွာမူလတန်းလွန်ကျောင်း၌ ယနေ့ နံနက် ၉ နာရီက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP စီမံကိန်း ဆိုင်ရာ သင်တန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါ VDP စီမံကိန်းသင်တန်းဖွင့်ပွဲတွင် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦး က အွန်လိုင်းမှတစ်ဆင့် အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးထွန်းကျော်ကျော်မျိုး၊ ဦးစီးအရာရှိ ဒေါ်အေးအေးနွယ်နှင့် SAE ဦးမျိုးညွန့်တို့က တက်ရောက်လာသော ပြည်မြို့နယ် အတွင်း VDP စီမံကိန်းပါဝင်သော ကျေးရွာ အုပ်စု ၁၅ အုပ်စုမှ တစ်အုပ်စုလျှင် နှစ်ဦးနှုန်းစီဖြင့် စုစုပေါင်းသင်တန်းသား ၃၀ ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်တန်းပို့ချခဲ့ ကြောင်းနှင့် ဇန်နဝါရီ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ သင်တန်းကာလ(၄)ရက်အတွင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အဆိုပါ စီမံကိန်းလုပ်ငန်းများ ဆိုင်ရာ အကြောင်းအရာများကို သင်ကြား ပို့ချမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

မင်းမင်းစိုး(ပြန်/ဆက်)