ကျောက်ကြီး ဇန်နဝါရီ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာ အုပ်စု ငဗျက်အင်း ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံတောင်သူများအား ယနေ့ နံနက် (၁၀)နာရီအချိန်က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းကို ဖွင့်လှစ် ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကိုကိုက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ရေပေးရေးလုပ်ငန်း၊ မီးလင်းရေး လုပ်ငန်း၊ မြစိမ်းရောင်စီမံကိန်းနှင့် အခြားအသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း များ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ မြစိမ်းရောင်စီမံကိန်းမှ ကျေးလက်ဒေသ မိသားစုများ ဝင်ငွေတိုးပွားဖို့ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးများ ဆောင်ရွက်ဖို့အတွက် ကျေးရွာနေ ပြည်သူများအား ကိုယ်တိုင်စီမံခန့်ခွဲသည့် အရင်းအနှီးတစ်ခု ထူထောင်ပေးလျက် ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအနေနှင့် ဒေသနှင့်ကိုက်ညီမည့် အခြေခံအသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ရရှိသည့် ရန်ပုံငွေပေါ် မူတည်၍ လုပ်ဆောင်ပေး လျက်ရှိကြောင်း ယခုသင်တန်းတွင် ကျေးလက်နေတောင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာ၊ မွေးမြူရေးဆိုင်ရာ နည်းပညာရှင်များက သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်က သီးနှံများ၏ (GAP)နည်းပညာ ဆိုင်ရာ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တောင်သူများ ၏ Problem and Need များအားညှိနှိုင်း ဆွေးနွေးပြောကြားပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်း ကို သင်တန်းသား(၃၀) ဦးဖြင့် ဇန်နဝါရီ(၈)ရက်မှ (၁၁) ရက်နေ့အထိ နံနက်(၈)နာရီမှ ညနေ(၄)နာရီ အတွင်း (၄) ရက်တာ အခမဲ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
K ခိုင်ပြန်/ဆက်