ပိုင်ကျုံမြို့အတွင်းရှိ မိုးနိုင်းကျေးရွာနှင့် မိကြောင်ကျေးရွာတို့ ဆက်သွယ်ထားသောလမ်းမပေါ်ရှိ မဲသချောင်းကူး သံကူကွန်ကရစ် တံတားတည်‌ဆောက်လျက်ရှိ

ပိုင်ကျုံ ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာနှင့် မိကြောင်ကျေးရွာတို့ ဆက်သွယ် ထားသောလမ်းမပေါ်ရှိ မဲသချောင်း ကူးတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် (၃၉.၀၂၈) သန်းဖြင့် ဒီဇင်ဘာလ (၂၅) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါတံတားကို တော်၀င်ကရင်မိသားစုကုမ္မဏီမှ စောကျော်စွာမင်း B.E(Civil) က အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အရှည်(၂၃)ပေ၊ အကျယ်(၁၄)နှင့် အမြင့်(၁၀)ပေရှိရာ တံတား အမျိုးအစားမှာ သံကူကွန်ကရစ်တံတားဖြစ်ကြောင်း သိရသည်။ ယင်းတံတားသည် ယခုအခါ (၃၅) ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးပြီးဖြစ်ရာ ရာနှုန်းပြည့်ပြီးစီးပါက မိုးနိုင်းကျေးရွာအုပ်စု အတွင်းရှိ‌ ကျေးရွာများနှင့် မိကြောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသနေပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှုရေး ကိစ္စများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ အဆင်​ပြေလာမည်ဖြစ်​ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)