ကော့ကရိတ်မြို့နယ် အောက်ရွာကျေးရွာ ရွာတွင်းဂဝံမြေသားလမ်းခင်း

ကော့ကရိတ် ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ထီဟူးသံကျေးရွာအုပ်စု၊ အောက်ရွာကျေးရွာ ရွာတွင်း ဂဝံ မြေသားလမ်း ခင်းခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါမြေသားလမ်းသည် ကော့ကရိတ်- ကြာအင်းဆိပ်ကြီးလမ်းပိုင်းနှင့် ချိတ်ဆက်လျက်ရှိပြီး  လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း (၃၅၅) ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အတိုင်းအတာအားဖြင့် (အရှည် ၈၈၀၀ ပေ × အကျယ် ၁၈ ပေ × ထု ၁ ပေ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး နန်းနှင်းဝေဝေသုန်၊ လူထုစည်းရုံးရေးမှူး နန်းပွင့်သစ္စာတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှုများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာနေပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများအတွက် အဆင်ပြေကောင်းမွန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုးလွင်