မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ဘားအံ ဇန်နဝါရီ ၈

ပူပြင်းခြောက်သွေ့၍ မီးလောင်လွယ်သည့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာလုပ်ငန်း သင်တန်းကျောင်း (ဘားအံ) တွင် ယနေ့ မွန်လွှဲ ၁ နာရီခန့်က  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက သဘာဝဘေးအန္တရာယ်နှင့် မီးဘေး အန္တရာယ်လုံခြုံရေးဆိုင်ရာများကို အသိပညာပေး ဟောပြောပြီး ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ကရင်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဘားအံ) ကျောင်း အုပ်ချုပ်မှုရုံးခန်းရှေ့နှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘားအံ) ၏ နှစ်ထပ်ကျောင်းသားအိပ်ဆောင် ရှေ့တို့တွင် သဘာဝဘေးအန္တရာယ်နှင့် မီးဘေး အန္တရာယ် လုံခြုံရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)