လှိုင်းဘွဲ ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း အသက်(၁၀၀)နှစ် အထက် သက်ကြီးဘိုးဘွားများအား အပိုဆောင်းထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကြာအင်းကျေးရွာ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလအတွင်း အသက်(၁၀၀)နှစ်အထက် သက်ကြီးဘိုးဘွားများအနေဖြင့် စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်အတွက် ရည်ရွယ်၍ သက်ကြီးဘိုးဘွား(၁)ဦးလျှင် (၃၀၀၀၀)ကျပ် ဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အသက်(၁၀၀)နှစ်အထက် သက်ကြီးဘိုးဘွား(၁၉)ဦး၊ ပိုင်ကျုံမြို့တွင် သက်ကြီးဘိုးဘွား (၁၃)ဦးနှင့် ရှမ်းရွာသစ်မြို့တွင် သက်ကြီးဘိုးဘွား(၆)ဦး စုစုပေါင်း သက်ကြီးဘိုးဘွား(၃၈)ဦးကို တစ်ဦးလျှင် (၃၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၁၁၄၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။
ခင်စန်းမြင့်(ပြန်/ဆက်)