လှိုင်းဘွဲမြို့နယ် လခတ်ကျေးရွာတွင် မြေပဲမျိုး(၄)မျိုး ယှဉ်ပြိုင်စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ ဇန်နဝါရီ ၉

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း မြေပဲများကို အများအပြား စိုက်ပျိုးလျက်ရှိရာ ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မြေပဲမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရန်အတွက် ရည်ရွယ်၍ မြေပဲမျိုး()မျိုး ယှဉ်ပြိုင် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းနှင့် ဝန်ထမ်းများက မကွေး(၁၆) ချင်းပဒေသာ(၁၁)၊ တွန်တာနီနှင့် ဂျပန်ကြီး မြေပဲမျိုး()မျိုးကို ယှဉ်ပြိုင်စိုက်ပျိုးထားရှိမှု အခြေအနေများကို ဒေသနှင့် ကိုက်ညီမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ အပင်ပေါက်ရောက်မှု အားကောင်းခြင်း၊ ပိုးမွှားအန္တရာယ် ကျရောက်မှုမရှိစေရေး၊ ရွက်ဖျန်းမြေဩဇာအသုံးခြင်း စသည့် ဒေတာကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရ သည်။

ခင်စန်းမြင့်(ပြန်/ဆက်)