လှိုင်းဘွဲမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကမော့လဲ-ကြာအင်း ကျေးရွာ ချင်းဆက်ကတ္တရာ ထပ်ပိုးလွှာလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

လှိုင်းဘွဲ ဇန်နဝါရီ ၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ် ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လှိုင်းဘွဲမြို့နယ်၌ ခွင့်ပြုငွေကျပ် (၁၃၆.၄၀၂) သန်းဖြင့် ကမော့လဲ-ကြာအင်းကျေးရွာ ကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ကို အာကာကမ္ဘာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ကမော့လဲ-ကြာအင်းကျေးရွာ ချင်းဆက်လမ်း(/)မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြီးစီးမှုအခြေအနေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များ၊ အာကာကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာချင်းဆက်လမ်း ပတ်ဝန်းကျင်ရှိ အကျိုးပြု ကျေးရွာ()ရွာ၊ အိမ်ခြေ(၂၃၉၉)၊ လူဦးရေ(၁၄၃၉၀)ဦးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အပါအဝင်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် အလုပ်အကိုင် အခွင့် အလမ်းများလည်း ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)