ရှမ်းရွာသစ် ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် နှစ်စဉ် ဘဏ္ဍာနှစ် အလိုက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု မဲကတောခီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း ခြံစည်း ရိုးကာရံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ(၂၂)ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ယခုအချိန်တွင်(၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပညာရေးဌာန ခွင့်ပြုရန်ပုံငွေကျပ်(၆၀)သိန်းဖြင့် အရှည် (၉၀၀)ပေနှင့် အမြင့်(၅)ပေရှိ ကျောင်းဝင်း ခြံစည်းရိုးကာရံခြင်းကို လုပ်ငန်းတာဝန်ရှိသူများတို့က သတ်မှတ် စံချိန်စံညွန်းနှင့်အညီ ပြည့်မီစေရေးနှင့် လုပ်ငန်းများ နှောင့်နှေးကြံ့ကြာမှုမရှိစေရေးတို့ကို အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇင်လေး(ပြန်/ဆက်)