ဘားအံ ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျေးရွာများပါမကျန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်၊ ဘားအံမြို့နယ် ဇွဲကပင်တောင် အရှေ့ဘက်ခြမ်း တောင်ခြေ အဝင်လမ်းကို လမ်းအကျယ်တိုးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အဆိုပါလမ်းကို ဘားအံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကရင်ပြည်နယ် အစိုးရအဖွဲ့ ၏ ခွင့်ပြုငွေကျပ် (၁၁၃.၈၀)သန်းဖြင့် တာဝန်ယူတည်ဆောက်ပြီး ယခင် လမ်းဟောင်း အကျယ် ၁၂ ပေအား တစ်ဖက်လျှင် (၂)ပေစီ တိုးချဲ့ခြင်းနှင့် စုစုပေါင်းလမ်းအကျယ်(၁၆)ပေ၊ လမ်းအရှည် (၁.၆၀၉)ကီလိုမီတာအား ကတ္တရာထပ်ပိုး လွှာခင်းခြင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)