ပွင့်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၅၄၆ သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခု အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး အတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် မြို့တွင်းရှိ ရေနုတ်မြောင်းများ တူးဖော် ခြင်း၊ ကတ္တရာလမ်းများ ချဲ့ထွင် ပြုပြင်ခြင်း၊ ဈေးတွင်းလမ်းများ ကောင်းမွန်အောင် ပြုပြင်ခြင်းနှင့် မြို့ပြသာယာလှပရေး လမ်းဘေးပလက်ဖောင်းများ ပြုပြင်မွမ်းမံခြင်း၊ ပန်းအလှပင်များနှင့် အရိပ်ရ သစ်ပင်များ စိုက်ပျိုးခြင်း၊ ရပ်ကွက်များအတွင်း အမှိုက်များ စနစ်တကျ သိမ်းဆည်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လည်း ဌာန၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
“ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဌာနခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း (၄၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကတော့ လမ်းလုပ်ငန်း (၁၀) ခု၊ တံတား တည်ဆောက်ခြင်းလုပ်ငန်း (၁၇)ခု၊ ရေစီးရေလာကောင်းမွန်ရေး အုတ်ရေနုတ်မြောင်း ဆောင်ရွက်ခြင်း လုပ်ငန်း (၁၂) ခုနဲ့ အခြားဖွံ့ဖြိုးရေးလုပ်ငန်း(၅)ခု၊ စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း(၄၄)ခုကို ဌာနခွင့်ပြု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၅၄၆)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာဖြစ်ပါ တယ်။ ယခုလက်ရှိမှာတော့ အကောင်အထည်ဖော်ဆောင်ရွက် မည့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အမြန်ဆုံးကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်းက ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)