ကျေးရွာစာကြည့်တိုက်များသို့ သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်း

ကော့မှူး ဇန်နဝါရီ ၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ကျေးရွာစာကြည့်တိုက်များအတွက် သုတ/ရသ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်က မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ စာအုပ်စာစောင် လှူဒါန်းပွဲတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက စာကြည့်တိုက်များ ရေရှည် ရှင်သန်ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်တင့်က စာကြည့်တိုက်များအတွက် လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည် အစီအမံများအား ရှင်းလင်းပြောကြားခဲ့ သည်။

ထို့နောက် တက်ရောက်လာသော ကျေးရွာစာကြည့်တိုက်များဖြစ်သည့် ဝါးဘလောက်သောက်ကျေးရွာ လောကပြတင်းစာကြည့်တိုက်၊ နတ်စင်ကုန်းကျေးရွာ လူငယ်အားမာန် စာကြည့်တိုက်၊ ကျိုက်ထော်(မ) ကျေးရွာ အမေ့ရွာ စာပျိုးခင်း၊‌ မှော်တောကျေးရွာ ကျေးလက်လမင်းစာကြည့် တိုက်၊ ဝါးသိင်္ခကျေးရွာ ဘဝအလင်းစာကြည့်တိုက်၊ စမ်းကောက်ကျေးရွာ ရောင်နီဦးစာကြည့် တိုက်၊ ကိုးထောင်ကျေးရွာ ကျေးရွာစာကြည့်တိုက်၊ စက်စုကျေးရွာ ပညာအလင်း စာကြည့် တိုက်တို့အား တိုင်းဒေသကြီးစာကြည့်တိုက် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်း၊ Save the library၊ Third story project နှင့် စေတနာရှင်များ၊ စာရေးဆရာ/ဆရာမများ လှူဒါန်းထားသည့် သုတ/ရသစာအုပ် စုစုပေါင်း(၂၃၄၅) အုပ်အား တာဝန်ရှိသူများက စာကြည့်တိုက်တာဝန်ခံများ ထံပေးအပ်ခဲ့ကြ‌ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး