ကော့မှူးတွင် စာကြည့်တိုက်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကော့မှူး ဇန်နဝါရီ ၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင် (မြိုင်တင်လှိုင်) က‌ ရေရှည်ရှင်သန်ဖွံ့ဖြိုးနေသော စာကြည့်တိုက်များအား တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီတွင် တရားဝင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်‌ပေးမည့် အစီအမံ များ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က‌ ရှေ့ဆက်လက်ဆောင်ရွက်သွားမည် လုပ်ငန်းစဉ်ကိစ္စရပ်များ အား ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် တာဝန်ရှိသူ များ၊ ရပ်ကွက်/ကျေးရွာများမှ စာပေဝါသနာရှင်များ၊ စာကြည့်တိုက်တာဝန်ခံများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး