ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မြန်မာမုန့် ဖုတ်နည်း သင်တန်းဆင်းပွဲကျင်းပ

တံတား ဇန်နဝါရီ

ရန်ကုန်တောင်ပိုင်းခရိုင်ကျောက်တန်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးသည့် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု မြန်မာမုန့် ဖုတ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ နာရီက တံတားမြို့ အမှတ် ရပ်ကွက် သက်မွေးပညာသင်တန်းကျောင်းတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းဝင်းလတ်က အဖွင့်အမှာစကားပြောကြား၍ တံတားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဝင်းထွန်းတို့မှ အသီးသီးမိတ်ဆက်စကား ပြောကြားခဲ့ကြပြီး သင်တန်း သားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မြန်မာမုန့် ဖုတ်နည်းသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ဇန်နဝါရီ ရက်မှ ရက်နေ့ထိ ရက်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသား/သူ ၂၀ ဦး တက်ရောက် သင်ကြားခဲ့ကြ ကြောင်း သိရှိရသည်။

တင်နိုင်ဝင်း (ပြန်/ဆက်)