မြင်းမူမြို့နယ် အခြေခံပညာကျောင်းများသို့ ခြေနင်းလက်ဆေးဘေစင်များ ပေးပို့လှူဒါန်း

မြင်းမူ     ဇန်နဝါရီ     ၉

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပေးပို့သော ခြေနင်းလက်ဆေး ဘေစင်များအား စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ က အခြေခံပညာစာသင်ကျောင်းများသို့   ယမန်နေ့က သွားရောက်ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခု ပေးပို့လှူဒါန်းသည့်  ဘေစင်များမှာ ခြေဖြင့်နင်းကာ   လက်ဆေးနိုင်သည့်အတွက် တစ်ဦးနှင့်တစ်ဦး လက်မှတစ်ဆင့် ကူးစက် နိုင်သည့် ရောဂါများကို ကာကွယ်နိုင်ကြောင်း၊ အဓိကအားဖြင့် ကျောင်းသား/သူများအတွက် အသုံးပြုရန်လွယ်ကူကြောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှုး ဦးစိုးမင်းအောင်ထံမှ သိရှိရသည်။  ခြေနင်းလက်ဆေးဘေစင်များကို   မြင်းမူမြို့ပေါ်ရှိ အမှတ်  (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)မူလတန်းလွန် ကျောင်းနှင့် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းများသို့ ပေးပို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ခြေနင်းလက်ဆေးဘေစင်များကို (၂)လုံးတွဲ (၁)စုံပြုလုပ်ထားကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)