သုံးခွမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်

သုံးခွ     ဇန်နဝါရီ     ၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် အမှတ် (၂) ရပ်ကွက် အောင်ဇေယျလမ်းမကြီး ရာဇာစတိုး ရှေ့တို့တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းများကို သိရှိလိုက်နာနိုင်စေရန် အသိပညာပေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။

ယင်းသို့ ဆောင်ရွက်ရာတွင် လမ်းမများပေါ် ဖြတ်သန်းသွားလာနေကြသော မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေ၊ အမှတ်(၆၀) ယာဉ်ထိန်း တပ်ဖွဲ့စုမှူး ရဲအုပ် ဝင်းအောင်၊ မြို့မရဲစခန်းမှ ရဲအုပ်မျိုးမင်းသန့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်မောင်းနှင် သူများအနေဖြင့် မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့/ည အချိန်တိုင်းတွင် ဖွင့်၍ မောင်းနှင်ရန်၊ မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူတို့ ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာတပ် ဆင်၍မောင်းနှင်ရန်၊ နှစ်ဦးထက်ပို၍စီးနင်းခြင်း မပြုလုပ်ရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များ၊ ပြစ်မှုပြစ်ဒဏ် များကို အသိပညာ‌ ပေးဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

စည်သူလင်း ပြန်/ဆက်