မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စာရေးဝန်ထမ်း(၂၃)ဦးတို့အား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်ပို့ချပေး

မော်လမြိုင်     ဇန်နဝါရီ        ၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား လုပ်ငန်းအရည်အသွေး၊ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ချက်တို့ဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  သင်တန်းခန်းမ၌ ဇန်နဝါရီ ၅ ရက်နေ့မှ စတင်၍ ဇန်နဝါရီ ၉ ရက်နေ့ထိ (၅)ရက်တာ ဖွင့်လှစ် သင်ကြား ပို့ချပေးကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  စာရေးဝန်ထမ်း(၂၃)ဦးတို့အား ရုံးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဘာသာရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များကို တာဝန်ရှိသူများက  နံနက် ၈ နာရီမှ ညနေ၄နာရီထိ သင်ကြား ပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)\