နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲ ထန်ပါခွေမြို့၌ကျင်းပ

ထန်ပါခွေ    ဇန်နဝါရီ    ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့ နံနက် (၉)နာရီ အချိန်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်း များ  တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အုပ်ချုပ်ရေးမှူး ဦးနေမင်းသူက ပညာရေး၊ ကျန်းမာရေး၊ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်း သာယာလှပရေး လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်ကြရေး မှာကြားပြီး ဌာနဆိုင်ရာများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စောင်အထည် (၅၀)၊ ဆားအထုပ်(၁၀၀)နှင့် ဆန်(၂)အိတ် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ဦးနေမင်းသူ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းရွှေ၊ လဟယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီ၊ ထန်ပါခွေမြို့ အုပ်ချုပ်ရေးမှူး ဦးရန်ဟီးဝေပုံနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဟန်ထွန်း (အင်းဝ)