ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများကို ထုတ်ချေးပေးလျက်ရှိ

ရွှေဘို    ဇန်နဝါရီ    ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တောင်ခွင်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျန်းမာ‌ရေး ဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများကို အိမ်အရောက် ထုတ်ချေးပေးလျက်ရှိကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရန်ပုံငွေများ ပေးအပ်ပွဲတွင် မိမိတို့ကျေးရွာရှိ မြစိမ်းရောင်လုပ်ငန်းများ ရေရှည်အကျိုးဖြစ်စေရန် စီမံကိန်း အသင်းဝင် များနှင့် ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ကြရန်၊ ထုတ်ချေးပေးသည့် ချေးငွေများကိုလည်း မိမိတို့လုပ်‌ကိုင် ဆောင်ရွက်မည့် လုပ်ငန်းများတွင်ထိရောက်စွာ အသုံးပြုကြစေရန် လိုအပ်ကြောင်း၊ ထိုသို့လုပ်ကိုင်ပြီး အတိုးရငွေများ တိုးပွားလာမှ မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကျိုးရှိစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအေးမှ မြစိမ်းရောင် ကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ခွင်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ဒုတိယနှစ်သက်တမ်းအတွက် စိုက်ပျိုးရေးလုပ်ကိုင်သူ (၃၉)ဦးရှိပြီး  မွေးမြူရေးလုပ်ကိုင်သူ(၂၉)ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ (၁၂)ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ (၄)ဦး၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ(၄)ဦး စုစုပေါင်း (၈၈)ဦးအား စီမံကိန်းရန်ပုံငွေကျပ် ၃၄၅သိန်း ၃ သောင်းကို  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ရှိသူများက ထုတ်ချေးပေး ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထွန်းမြင့်အောင် (ရွှေဘို)