ကော့ကရိတ် ဇန်နဝါရီ ၉
ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ရန်ကုတ်ကျေးရွာအုပ်စု ဇော်ဟဲကျေးရွာရှိ ကျေးလက်နေ ပြည်သူများ နွေရာသီတွင် ရေရှားပါးမှု ကင်းဝေပြီး စိမ့်စမ်းရေရရှိစေရန် ရေပိုက်သွယ်တန်းခြင်းနှင့် ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေပိုက်သွယ်တန်းရာတွင် ရေထွက်ပင်ရင်းမှ ဇော်ဟဲကျေးရွာအထိ ပိုက်လိုင်း ၉၅၀၀ပေ ရေပိုက် သွယ်တန်းခြင်းနှင့် ရေလှောင်ကန် (အလျား ၀ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၆ပေ) လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ ငွေကျပ်(၁၈၃)သိန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံ ပေး အဖွဲ့တို့၏ လမ်းညွှန်မှု၊ လူထုဗဟိုပြု စီမံကိန်းမှ တာဝန်ရှိသူများ အနီးကပ်ကြီးကြပ်မှု၊ ကျေးရွာပြည်သူများ၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ပြီးစီးပါက ဇော်ဟဲ ကျေးရွာမှ အိမ်ထောင်စု(၅၅)စု၊ လူဦးရေ (၃၆၀)ဦးတို့အတွက် နွေရာသီတွင် ရေရှားပါးမှုမှ ကင်းဝေးပြီး သောက်သုံးရေများ လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
လှလှနွယ် (ကော့ကရိတ်ခရိုင် ပြန်/ဆက်)