မြဝတီမြို့နယ် ထီးချားရားကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) တည်ဆောက်နေမှုနှင့် မဲပလက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအတွင်း ဆေးခန်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

မြဝတီ  ဇန်နဝါရီ ၉

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာန ခွင့်ပြုရန်ပုံငွေ ၉၇ ဒဿမ ၂ ကျပ်သန်းဖြင့် ဟိန်းသီရိမွန်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသော မြဝတီမြို့နယ် ထီးချားရားကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ တည်‌ဆောက်‌နေမှုကို ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အ‌သွေး စစ်‌ဆေးမှု‌ကော်မတီတို့က  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ အခြေခံပညာအလယ်တန်းကျောင်းခွဲသည် ပေ ၁၂၀×၃၀ RC (၁)ထပ်၊ (၄)ခန်းတွဲ ကျောင်းဆောင်သစ် အမျိုးအစားဖြစ်ပြီး  ၁၃.၁၂.၂၀၂၀ ရက်နေ့တွင်စတင်‌‌ဆောက်လုပ်ကာ ၁၅.၆.၂၀၂၁ နေ့တွင် ဆောက်လုပ်မှုပြီးစီး မည် ဖြစ်သည်။

အလားတူ မြဝတီမြို့နယ် မဲ့ပလဲ့ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအတွင် ဆေးခန်းနှင့် ဝန်ထမ်းအိမ်ယာတည် ဆောက်နေမှု အခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်