ဆောမြို့နယ် လောင်းရှည်မြို့ဟောင်းတွင် အားကစားကွင်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဆော ဇန်နဝါရီ ၉

ဂန့်ဂေါခရိုင် ဆောမြို့နယ် လောင်းရှည်မြို့ဟောင်းတွင် အားကစားကွင်းအား စံချိန်စံညွှန်းမီဖြစ်ရေး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဒေသနေပြည်သူများ ပူးပေါင်းပြင်ဆင် လျက်ရှိသည်။

အဆိုပါ အားကစားကွင်းပြုပြင်ခြင်း လုပ်ငန်းအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ ဆောမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှူးတို့နှင့်အတူ ယမန်နေ့က ကွင်းဆင်းကြည့်ရှု၍ လုပ်ငန်းဆိုင်ရာများ မှာကြားဆွေးနွေးသွားကြောင်း သိရသည်။

ဇော်မျိုးသန့် (ပြန်ဆက်)