ကော့မှူး ဇန်နဝါရီ ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဘဏ်စနစ်ဖြင့် တိရိစ္ဆာန် မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးခြင်း ရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဝါးသိင်္ခကျေး ရွာသိမ်ကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လမ်းညွှန်ချက် များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာစိုးနိုင်က မွေးမြူရေး ဘဏ်စနစ်ဖြင့် ဆောင်ရွက်ရမည် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ကျေးရွာနေ ပြည်သူများက မွေးမြူရေးနှင့်ပတ်သက်သော အချက်အလက် များအားမေးမြန်းရာ ဒေါက်တာ စိုးနိုင်က ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒေါက်တာစိုးနိုင်က မွေးမြူရေးဘဏ်စနစ်ဖြင့် တိရိစ္ဆာန်မွေးလိုသော ကျေးရွာနေပြည်သူများအား စာချုပ်ပါစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးဘဏ်ကြီးကြပ်မှုကော်မတီမှ ကျေးရွာမွေးမြူရေးဘဏ် ကော်မတီ သို့ မျိုးကောင်းမျိုးသန့် တိရိစ္ဆာန် ဝက်ကောင်ရေ(၃၃၄)ကောင် မွေးမြူရန်အတွက် ငွေကျပ်သိန်း (၃၀၀) အား ဒေါက်တာစိုးနိုင်က တာဝန်ရှိသူ များထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)