ချောင်းဆုံ၊ ဇန်နဝါရီ ၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာရှိ ရွှေကျင်ဘုန်းကြီးကျောင်းတွင် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီခန့်က အဲကွန်းအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မော်လမြိုင်မြို့မှ မီးငြှိမ်းသတ်ရေးယာဉ်များ၊ ချောင်းဆုံမြို့နယ် မီးသတ်စခန်း၊ မုဒွန်းနယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ရေးယာဉ်နှင့် ရေသယ်ယာဉ်များ၊ ချောင်းဆုံမြို့နယ် ကျေးရွာပိုင် ရေသယ်ယာဉ်များနှင့် ပရဟိတအသင်းများမှ ရေသယ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲတွင် မီးငြှိမ်းနိုင်ခဲ့ပြီး မီးကူးစက်လောင်ကျွမ်းမှုကြောင့် အလျား ပေ (၂၀’ x ၃၀’) ရှိ သက်တမ်းတစ်ရာခန့်ရှိ ရှေးဟောင်းအုတ်စီ နှစ်ထပ်ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)