ကြို့ပင်ကောက် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ရှိ အထက(ကြို့ပင်ကောက်)ကျောင်း ပင်မဆောင် ရွှေညီလာခန်းမတွင် ယနေ့ နံနက် ၅ နာရီ ၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ကြို့ပင်ကောက်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ ဇီးကုန်းမြို့နှင့် အုတ်ဖိုမြို့ တို့မှ မီးသတ်တပ်ဖွဲ့များ၏ မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်ငြှိမ်းသတ်မှုကြောင့် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မီးစတင်ထိန်းနိုင်ခဲ့ကြောင်း ၅ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ အဆိုပါကျောင်းတွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Quarantine နေထိုင်သူများအရေအတွက် ၅၇ ဦးရှိကြောင်းနှင့် ယခုစတင်မီးလောင် သည့်ရွှေညီလာခန်းမတွင် သံဃာတော်တစ်ပါး Quarantine ထားရှိကြောင်း ကနဦးသတင်းရရှိသည်။
ဇေယျာထွန်း( ကြို့ပင်ကောက်)