ကန့်ဘလူ ဇန်နဝါရီ ၁၀
ကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း များ အဆင်ပြေ လွယ်ကူစေရန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ နယ် ပုဏ္ဏားကြီးကျေးရွာတွင် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ကိုအကျိုးပြုနိုင်မည့် ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကျော်မြင့်လွင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်အောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၅၈ သန်းဖြင့် လမ်းအရှည် ၂ မိုင်၊အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ ကက္မရှိ ဂျင်းမြေခင်းခြင်း လုပ်ငန်းကို တင်ဒါအောင် မြင်သည့် ပြည့်ဝေကျော်ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်နေမှုကို ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဒေသခံတောင်သူလယ်သမားများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်၊ စိုက်ပျိုးထွက်ရှိ လာသည့် သီးနှံများကို စျေးကွက်သို့ အချိန်မီတင်ပို့ ရောင်းချနိုင်ရန်နှင့် ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဘဏ္ဍာနှစ်အလိုက် ကျေးလက် ကုန်ထုတ်လမ်းများကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ကန့်ဘလူမြို့နယ်၌ ပုဏ္ဏားကြီး၊ ပေါက်ဆိန်ကုန်းနှင့် သင်ပေါင်းကျင်းကျေး ရွာများတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တင်ဒါ အောင်မြင်သော ကုမ္ပဏီများက တာဝန်ယူဖောက်လုပ်မည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးဟန်ထွန်းအောင် ကပြောသည်။
အဆိုပါ ပုဏ္ဏားကြီးကျေးရွာ၏ လယ်ယာမြေဧက ၁၀၀၀ ကျော်မှ ထွက်ရှိလာသော သီးနှံများကို အချိန်မရွေး လွယ်ကူလျင်မြန်စွာ စျေးကွက်များအရောက် တင်ပို့ရောင်းချနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)