ကျောက်ထု ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ကျောက်ထုမြို့ တိုက်နယ်ဆေးရုံ တွင် အသက်တစ်နှစ် အောက် ကလေးများကို ငါးမျိုးစပ်ကာကွယ်ဆေး၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးများကို ယမန်နေ့နံနက် (၉) နာရီ မှစ၍ တိုက်နယ် ကျန်းမာရေးဌာန ဝန်ထမ်း ဆရာမများက ထိုးနှံပေးကြသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးကြရာတွင် ကျောက်ထုမြို့ရှိ တိုက်နယ် ကျန်းမာရေး သူနာပြု ဆရာမ ဒေါ်လိန်းကီး ရောင်က ဦးဆောင်လျက် ကျန်းမာရေးဌာန ဆရာမ များက ဆေးငါး မျိုးစပ် ကာကွယ်ဆေးများကို ဒေသခံပြည် သူများ (၆၀) ဦးခန့်တို့ အား ကာကွယ်ဆေးများ ထိုးနှံပေးကြကြောင်း သိရသည်။
မောဟေမာန်(ပြန်/ဆက်)