လှိုင်းဘွဲ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ စက်လှေဂိတ်၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် ဝန်ထမ်းများ က မြိုင်ကြီးငူအထူးဒေသ စက်လှေဂိတ်တွင် ခရီးသွားပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်း၊ ခရီးသွားရာတွင် မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ပြည်သူများ ပူးပေါင်း ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)