ခေါဇာ ဇန်နဝါရီ ၁၀
"ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ ခွေးရူး ရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ်စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ခေါဇာမြို့မွေးမြူရေးနှင့် ကုသရေးဝန်ကြီးဌာမှ တာဝန်ခံ ဦးမင်းနေလင်းထွန်းက ခွေးရူးရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းမှ စတင်၍ အိမ်တိုင်ရာရောက်အခမဲ့ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခု ကာကွယ်ဆေးထိုးနှံပေးရခြင်းသည် ဌာန၏ ရည်မှန်းချက်ဖြစ်သော (၂၀၃၀) ခုနှစ် တွင် မြန်မာတစ်နိုင်ငံလုံး ခွေးရူးရောဂါကင်းစင်စေရန်အတွက်စီမံချက်ချမှတ် ပြီး စီမံချက် အရ ပြည်သူများနှင့် ပူးပေါင်းပြီး အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ခွေး၊ ကြောင် တွေကို ခွေးရူးရောဂါ ဆေး ထိုးပေးရခြင်းဖြစ်ကြောင်း၊ ခွေးရူးရောဂါသည် ခွေးတွေအပြင် ကြောင်တွေကနေ တစ်ဆင့် လည်း လူတွေကို ခွေးရူးရောဂါဖြစ်ပွား ကူးစက်စေနိုင်သည့်အတွက် ယခုလို ကွင်းဆင်းပြီး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း တာဝန်ခံ ဦးမင်းနေ လင်းထွန်းထံမှ သိရသည်။
ညီညီချမ်း(ပြန်/ဆက်)