ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာ စီမံကိန်း ငွေစာရင်းရေးသွင်းနည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဆင့်မှ မြစိမ်းရောင် ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အငယ်တန်း အင်ဂျင်နီယာ (၂) ဦးရှိုင်းထက်ဦးမှ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း များအကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အကြီးတန်းစာရေး ဒေါ်အိညီလာစိုးက ငွေစာရင်း လုပ်ငန်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထန်းတပင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာပေါင်း (၂၀) ရွာတွင် မြစိမ်းရောင်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါ သင်တန်းကို (၂) ရက်ဖွင့်လှစ် မည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)